တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, February 26, 2016

ပျောက်ဆုံးသွားသည့် Windows 10 Device ကို Microsoft မှ ခြေရာခံ ရှာဖွေခြင်း




နိုဝင်ဘာလတွင် အသစ် ထပ်မံ ထုတ်ပေး လိုက်တဲ့ Windows Update မှာ Windows 10 အသုံးပြု ထားတဲ့ Device တွေ ပျောက်ဆုံး သွားပါက ခြေရာခံ ရှာဖွေ နိုင်ရန် အတွက် Find My Device ဆိုတဲ့ နည်းပညာ ကိုပါ ထည့်သွင်း ပေးထား ပါတယ်။

အဆိုပါ Feature ကို Windows 10 အသုံးပြု ထားတဲ့ Laptop, Tablet, Phone အစရှိတဲ့ Device တွေ ပေါ်မှာသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါ လုပ်ငန်းစဉ် တွေကို စတင် မလုပ်ဆောင်ခင် သင့်ကွန်ပျူတာ ဒါမှ မဟုတ် Tablet တို့မှာ ထည့်သွင်း ထားတဲ့ Windows 10 Update ဟာ version 1511 ဒါမှ မဟုတ် သူ့အထက်မှာ ရှိနေ ရပါမယ်။ ဒါမှသာ Microsoft က အဆိုပါ device ကို အမြဲတမ်း Record ပြုလုပ်ပြီး စောင့်ကြည့်ပေး နေနိုင်မှာ ဖြစ်ပါတယ်။

အသစ် ထည့်သွင်း ပေးလိုက်တဲ့ Find My Device ကို အသုံးပြုရန် အတွက် အလွယ်တကူနဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

အဆိုပါ Feature အလုပ်လုပ်ဆောင် နိုင်ရန် အတွက် သင့်မှာ Microsoft Account တစ်ခု ရှိထား ရပါမယ်။ Microsoft Account မရှိသေးဘူး ဆိုရင်လည်း http://www.hotmail.com လို ဝက်ဘ်ဆိုက်မှာ Hotmail account ဖြစ်ဖြစ်၊ live mail account ဖြစ်ဖြစ် ဖွင့်ပြီး Microsoft Account ကို ရယူနိုင်မှာ ဖြစ်ပါတယ်။

Find My Device Feature ကို အသုံးပြုဖို့ အတွက် Settings ကို နှိပ်လိုက်ပါ။ Settings ကို Start button ကိုနှိပ်ပြီး ခေါ်ယူနိုင် သလို၊ Notification Center ကနေလည်း ဖွင့်နိုင်မှာ ဖြစ်ပါတယ်။

Settings ထဲကို ရောက်သွားပြီ ဆိုရင် Update & Security ဆိုတာကို ရွေးပြီး နှိပ်လိုက်ပါ။ Update & Security အောက်မှာမှ Find My Device ဆိုတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အဆိုပါ Find My Device ကို ရွေးချယ်ပြီး ညာဘက် အခြမ်းမှာရှိတဲ့ Save my device's location periodically ဆိုတဲ့ နေရာကို ဖွင့်ပေး လိုက်ရမှာ ဖြစ်ပါတယ်။

အဆိုပါ Device တွေကို ခြေရာခံ ရှာဖွေ ချင်တယ် ဆိုရင်တော့ ဖော်ပြထားတဲ့ https://account.microsoft.com/devices/about ဆိုတဲ့ ဝက်ဘ်ဆိုက် လိပ်စာကို သွားလိုက်ပါ။

ပြီးသွားရင် ပျောက်ဆုံးသွားတဲ့ Device ထဲမှာ ထည့်သွင်း ထားတဲ့ ကိုယ့်ရဲ့ Microsoft account ကို အဆိုပါ ဝက်ဘ် စာမျက်နှာမှာ Sign in ပြုလုပ်ပေးရပါမယ်။

ပြီးသွားရင်တော့ ကိုယ့်ရဲ့ Device ကို စတင် ခြေရာခံ ရှာဖွေ နိုင်ပြီ ဖြစ်ပါတယ်။ ဒီနေရာမှာ လိုအပ်ချက် ကတော့ Find my Device Feature ကို အသုံးပြုမယ့် device တွေဟာ Built in GPS စနစ် လိုအပ်မှာ ဖြစ်ပါတယ်။

အကယ်၍ အဆိုပါ စနစ် မပါဝင်ဘူး ဆိုရင်တော့ အဆိုပါ Feature ကို အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။

By: Internet journal
Originally published at - http://www.internetjournal.media/how-to/5596


No comments: