တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, March 25, 2016

Facebook အကောင့်ကို အဝေးမှ Log Out ပြုလုပ်နည်း




အများသုံး ကွန်ပြူတာများ၊ အင်တာနက် ဆိုင်များမှာ Facebook အသုံးပြုပြီး Log Out မလုပ်မိတဲ့ အခြေ အနေမျိုး ကြုံတွေ့ ဖူးကြမှာပါ။

ဒီလိုအခြေအနေမျိုးမှာ အခြားလူများက သင့်ရဲ့ ဒေတာများကို သင့်ရဲ့ ခွင့်ပြုချက် မရဘဲ ကြည့်ရှု အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Credit Card , PayPal စတဲ့ ငွေကြေး ဆိုင်ရာ အကောင့်များနဲ့ သင့်ရဲ့ Facebook အကောင့်ကို ချိတ်ဆက် ထားရင်တော့ သင့်ရဲ့ ငွေကြေးများ ဆုံးရှုံးမှာ ဖြစ်ပါတယ်။

ဒီလို ပြဿနာများကို ကာကွယ်ဖို့ အတွက် Facebook က နည်းလမ်း တစ်ခုကို ပံ့ပိုးပေး ထားပါတယ်။ အဲဒါကတော့ Facebook အကောင့်ကို အဝေးကနေ Log Out ပြုလုပ်နည်း
ဖြစ်ပါတယ်။

Mobile
Mobile Phone များမှာ Facebook ရဲ့ ညာဘက်အပေါ်ထောင့်မှ Menu ကို နှိပ်ပြီး Account Settings ထဲသွားပါ။


Security ကို နှိပ်ပါ။


Active Sessions ထဲသွားပါ။


အဲဒီမှာသင့် Facebook အကောင့်ကိုLog In ၀င်ထားတဲ့ Device များကို တွေ့မြင် ရမှာပါ။ အသုံးပြုတဲ့ အချိန် ၊ တည်နေရာ၊ အမျိုးအစားနဲ့ အမည်တို့ကို အသေးစိတ် ဖော်ပြပေး ထားပါတယ်။ Log Out လုပ်ဖို့ အတွက် ဘေးမှ ကြက်ခြေခတ်ကို နှိပ်ပါ။


Desktop

Desktop Computer များမှာ Facebook News Feed ရဲ့ ညာဘက်အပေါ်ထိပ်မှ အောက်စိုက်နေတဲ့ မျှားကို နှိပ်ပြီး Settings ကို နှိပ်ပါ။ ဘယ်ဘက်ခြမ်းမှ Security ကဏ္ဍထဲသွားပါ။ “ Where you’re Logged In “ ရဲ့ ညာဘက်ဘေးမှ Edit ကို နှိပ်ပါ။



အဲဒီမှာသင့် Facebook အကောင့်ကို Log In ၀င်ထားတဲ့ Device များကို ပြသပေးထားပါတယ်။ အပေါ်ထောင်နေတဲ့ မျှားကို နှိပ်ပြီးအသေးစိတ် ကြည့်ပါ။


Device တစ်ခုချင်းစီ အတွက် အသုံးပြုတဲ့ အချိန်၊ အမည်၊ တည်နေရာနဲ့ အမျိုးအစား တို့ကို ပြသပေး ထားပါတယ်။ End Activity ကို နှိပ်ပြီး Log Out လုပ်နိုင်ပါတယ်။ Device အားလုံးကို Log Out လုပ်ချင်ရင် အပေါ်မှ End All Activity ကို နှိပ်ပါ။


Myanmar digital life

Originally published at - http://www.blog.myanmardigitallife.com/


No comments: