တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, March 1, 2016

Ooredoo ဧ။် ဒုတိယ အကြိမ်မြောက်Double Internet Bonus အစီအစဉ် စတင်




Ooredoo မှ ယခင်က ပေးခဲ့သော Double Internet Bonus အစီအစဉ်ကို သုံးစွဲသူ မိဘ ပြည်သူ များ၏ တစ်ခဲနက် အားပေး ထောက်ခံမှုကို ရရှိခဲ့ပြီး ယုအခါ သုံးစွဲ သူများ၏ ထပ်မံ တောင်းဆို မှုများ အရ (၂၀၁၆)၊ မတ်လ (၁) ရက်နေ့မှ စတင်ပြီး ပြန်လည် ၀န်ဆောင်မှု ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ယခင် Double Internet Bonus အစီအစဉ်မှာ အသက်သာဆုံး ဈေးနှုန်းနှင့် အမြန်ဆန်ဆုံး အင်တာနက်ကို နှစ်ဆ ရရှိခဲ့ သောကြောင့် Ooredoo သုံးစွဲ သူများ မှာ ကျေနပ် ပျော်ရွှင် ခဲ့ကြရပြီး ထပ်မံ အသုံးပြုရန် အတွက် တောင်းဆို ခဲ့ကြသည်။

Double Internet Bouns ရသောကြောင့် အင်တာနက် အသုံးပြုခြင်းကို သက်သာသော ဈေးနှုန်းဖြင့် ကျေနပ် အားရစွာ နှစ်ဆပိုမို အသုံးပြု နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

Ooredoo Myanmar ဧ။် Chief Marketing Officer Ms. Charity Safford က “ ကျွန်မတို့ Ooredoo အနေနဲ့ သုံးစွဲ သူများရဲ့ စကားသံ တွေကို အမြဲနားထောင် နေပြီး အကောင်းဆုံး ၀န်ဆောင်မှုတွေ ပေးဖို့ အမြဲ ကြိုးစား နေပါတယ်။

သုံးစွဲသူတွေက ဒီ Double Bonus အစီအစဉ်ကို နှစ်သက် တာကြောင့် နောက်တစ်ကြိမ် ထပ်မံ ၀န်ဆောင်မှု ပေးဖို့ အတွက် တောင်းဆို ကြပါတယ်။ ဒါကြောင့် မတ်လ (၁) ရက်နေ့က စတင်ပြီး အော်ရီဒူး သုံးစွဲသူ မိဘပြည်သူ များကို Double Internet Bonus များ ရနိုင်အောင် ထပ်မံ ၀န်ဆောင်မှု ပေးလိုက်ပါပြီ။

သုံးစွဲသူတွေ အနေနဲ့ Daily Internet Pack ဧ။် Double Internet Bonus အား (၂၄) နာရီ အတွင်း သုံးစွဲနိုင်ပြီး Monthly Internet Pack ဧ။် Double Internet Bonus အား ရက် (၃၀) အတွင်း သုံးစွဲနိုင် ပါတယ်။

ထို့ကြောင့် သုံးစွဲသူများ၏ ထပ်မံ တောင်းဆို လိုက်သော Double Internet Bonus အစီအစဉ်ကို ပျော်ရွှင်စွာဖြင့် အသုံးပြု နိုင်ပါပြီ “ ဟု ပြောကြား ခဲ့ပါသည်။

Ooredoo ၏ နေ့စဉ်သုံး အင်တာနက် Package နှင့် လစဉ်သုံး အင်တာနက် Package များ သုံးစွဲပြီး အင်တာနက် နှစ်ဆ ဆုငွေများအား ရယူနိုင် တော့မည် ဖြစ်ကြောင်းလည်း သိရှိရ သည်။

By – Nay Oo Lwin

Originally published at - http://www.blog.myanmardigitallife.com/


No comments: