Google Translate ဟာ ဘာသာပြန် Apps များထဲမှာ အကောင်းဆုံး တစ်ခုပါ။ ဘာသာ စကားပေါင်း ၁၀၃ ခုကို ဘာသာ ပြန်ပေး နိုင်ပါတယ်။
အခုနောက်ဆုံး ဗားရှင်းမှာ အခြား Apps များထဲမှ စကားလုံး တစ်ခုကို ထိလိုက် တာနဲ့ ဘာသာပြန် ပေးမယ့် Tap to Translate စွမ်းရည် ပါလာ ပါတယ်။ အဲဒီ အတွက် Google Translate App ကိုဖွင့်ဖို့ မလိုတော့ ပါဘူး။ အင်တာနက် မလိုဘဲ ဘာသာ ပြန်ပေးတဲ့ Offline Translation လည်း ပါပါတယ်။
သတင်းစာ၊ ဂျာနယ်များမှ စာသားများကို ဓါတ်ပုံ ရိုက်လိုက်တာနဲ့ ဘာသာပြန် ပေးမှာပါ။ လူမျိုးခြားများနဲ့ အလွယ်တကူပဲ စကားပြောနိုင်အောင် ဖန်တီးပေး ထားပါတယ်။ ကီးဘုတ် မသုံးဘဲ လက်ချောင်းနဲ့ စာရေးပြီး ဘာသာပြန် နိုင်ပါတယ်။
Google Translate ကိုပထမဆုံး အကြိမ်ဖွင့်ရင် Set Up လုပ်ခိုင်းမှာပါ။ Primary Language မှာသင့်ရဲ့ ဘာသာ စကားကို ရွေးချယ်ပေးပါ။ “ Language you translate most often” မှာ ဘာသာပြန်လေ့ ရှိတဲ့ ဘာသာစကားကို ရွေးပေးပါ။ Done ကို နှိပ်ပါ
Home Screen မှ Tap to Translate မှာ Take a tour ကို နှိပ်ပါ။ နောက် အဆင့်မှာ Turn On ကို နှိပ်ပါ။
Browser တစ်ခုကို ဖွင့်ပြီး နှစ်သက်ရာ ၀က်စာမျက်နှာ တစ်ခုကို ဖွင့်ပါ။ စကားလုံး တစ်ခု သို့မဟုတ် စကားစု တစ်ခုကို လက်နဲ့ ဖိပြီး Select လုပ်ပါ။ ဒါဆိုရင် Google Translate Pop-Up Icon ကို ပြသ ပေးမှာပါ။ Facebook Messenger Chat Head လိုမျိုး ဖြစ်ပါတယ်။
အဲဒီ Icon ကို နှိပ်ရင် Pop-Up Window နဲ့ ဘာသာပြန် ပေးမှာပါ။ မြန်မာ ဘာသာ စကား အစား အခြားဘာသာ စကားများ ကိုလည်း ရွေးနိုင်ပါတယ်။ Google Translate မှ မြန်မာစာ များဟာ Unicode နဲ့ ရေးသား ထားတဲ့ အတွက် Unicode ပါတဲ့ ဖုန်းများမှာသာ အမှန်မြင် ရမှာပါ။
Home Screen ကို ပြန်သွားပြီး ဘယ်ဘက် အပေါ်ထောင့်မှ Menu ကို နှိပ်ပါ။ Phrasebook ထဲမှာ သင်ကြိုက်တဲ့ ဘာသာ ပြန်ဆို မှုများကို သိမ်းထား ပေးတာပါ။ ဘာသာပြန်မှု တစ်ခုမှ ကြယ်ပုံကို နှိပ်ပြီး Phrasebook ထဲမှာ သိမ်းနိုင် ပါတယ်။
Google Translate ရဲ့ နောက်ထပ် ထူးခြား ကောင်းမွန်တဲ့ စွမ်းရည်မှာ လူမျိုးခြား များနဲ့ အလွယ်တကူ စကားပြောနိုင် ပါတယ်။
ဥပမာအားဖြင့် သင်က အင်္ဂလိပ် စကားပြောသူ ဖြစ်ပြီး စပိန်လူမျိုး တစ်ဦးနဲ့ စကားပြောမယ် ဆိုပါစို့။ Home Screen မှာ English နဲ့ Spanish ကိုရွေးပေးပါ။ မိုက်ကရို ဖုန်းကို နှိပ်ပါ။
ဖုန်းကို ဒေါင်လိုက် ကိုင်ထားပြီး သင်က အင်္ဂလိပ်လို ပြောပါ။ ဒါဆိုရင် App က စပိန်လို အသံထွက် ပြောပေးမှာပါ။ ဖုန်းကို အလျားလိုက် ကိုင်လိုက်ရင် စပိန်လူမျိုးက စပိန်လို ပြောနိုင် ပါတယ်။ သူပြောတာ ကိုလည်း အင်္ဂလိပ်လို အသံထွက် ဖတ်ပြ ပေးမှာပါ။
Menu ထဲက Offline translation ထဲသွားရင် Offline သုံးချင်တဲ့ ဘာသာ စကားများကို Download လုပ်ထား နိုင်ပါတယ်။
Google Translate ဟာဖုန်းတိုင်းမှာဆောင်ထားသင့်တဲ့ Google ရဲ့ အစွမ်းထက်တဲ့ Application ဖြစ်ပါတယ်။
အောက်ပါ Link မှာအခမဲ့ ရယူနိုင်ပါတယ်။
Download Google Translate |
---|
Myanmar Digital Life Journal - By : Thu Ya
Originally published at - http://www.blog.myanmardigitallife.com
- ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
- ၅ စက္ကန့် စောင့် စရာ မလိုပါ။
- ဘာ << SKIP AD >> မှ ချိတ် မထားပါ။
- ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
- ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
- အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
- မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
- ရွှင်လန်းချမ်းမြေ့ကြပါစေ...။
No comments: