တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း

Tuesday, July 5, 2016

Quick Action Button ကို Windows 10 တွင် ဝှက်ထားခြင်း




Windows 10 ရဲ့ Action Center ဟာ mail တွေ ဝင်ရောက် တာကို ဖော်ပြ ပေးနိုင် သလို၊ Notifications အစ ရှိတာတွေ ကိုလည်း ဖော်ပြ ပေးနိုင်တဲ့ နေရာ တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် Settings ကိုလည်း အဆိုပါ နေရာ ကနေ သွားရောက် အသုံးပြုနိုင် ပါတယ်။

အကယ်၍ သင်ဟာ Quick Action Button ကို ဖယ်ရှားချင် တယ်ဆိုရင် အောက်ဖော်ပြပါ နည်းလမ်း အတိုင်း ပြင်ဆင် နိုင်ပါတယ်။

Quick Action Button ကို hide ပြုလုပ် ထားချင်တယ် ဆိုရင် Registry ကနေ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။

Registry ကို အသုံးပြုဖို့ အတွက် Win + R key ကို နှိပ်လိုက်ပါ။ ပြီးသွားရင် Run box ထဲမှာ regedit ဆိုတဲ့ command ကို ရိုက်ထည့်ပေး ရပါမယ်။ အဆိုပါ command ကို ထည့်သွင်းပြီး သွားရင် Registry editor box ကျလာ ပါလိမ့်မယ်။

Registry editor box ထဲရောက်သွားရင် HKEY_LOCAL_MACHINE ဆိုတာကို ရွေးချယ် ရပါမယ်။ ရွေးချယ်ပြီး သွားရင် HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Shell\ActionCenter\QuickActions ဆိုတဲ့ လမ်းကြောင်း အတိုင်း သွားရ ပါမယ်။ Quick Actions ဆိုတဲ့ အထဲကို ရောက်သွားရင်တော့ PinnedQuickActionSlotCount ဆိုတာကို Select ပြုလုပ် ရပါမယ်။

Select ပြုလုပ်ပြီး ပြီဆိုရင် Double-click နှိပ်ပြီး Value data ကို ကြည့်လိုက်ပါ။ Value data မှာ နံပါတ် 4 ဂဏန်း နဲ့ ပြသ ထားတာကို တွေ့မြင်ရ ပါလိမ့်မယ်။ အဆိုပါ နေရာမှာ 0 လို့ပြောင်းပြီး ရိုက်ထည့် ပေးရ ပါမယ်။ ပြီးသွားရင် Ok button ကို နှိပ်လိုက်ပါ။ လုပ်ငန်းအားလုံး ပြီးသွားပြီ ဆိုရင် Registry ထဲကနေ ထွက်လိုက် ရမှာ ဖြစ်ပါတယ်။

အထက်ပါ အဆင့်တွေ အားလုံး ပြုလုပ် ပြီးသွားပြီ ဆိုရင် Action Center မှာ ကြည့်လိုက်ပါ။ Quick Action button ကို တွေ့မြင် ရတော့မှာ မဟုတ်ပါဘူး။ အကယ်၍ သင်ဟာ Quick Action button ကို ပြန်လည် အသုံးပြု ချင်တယ် ဆိုရင် Registry ထဲက အထက်မှာ ဖော်ပြထားတဲ့ လမ်းကြောင်း အတိုင်း သွားပြီး Value data မှာ နံပါတ် ၄ ကို ပြန်ရိုက် ထည့်ပေး လိုက်တာနဲ့ အဆိုပါ လုပ်ငန်းစဉ် ပြန်လည် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

By : Internet journal

Originally published at - http://internetjournal.media/how-to/6543

No comments: