တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, July 5, 2016

Windows OS တွင် Notepad Settings ကို Default ဖြစ်အောင် Reset ပြုလုပ်နည်း




Notepad ဟာ Windows Operating System မှာ အသုံး အတည့်ဆုံး Text Editor တစ်ခု ဖြစ်ပါတယ်။ Notepad နဲ့ အလွယ် တကူ မှတ်သား တာမျိုး၊ စာရိုက် တာမျိုးတွေ ပြုလုပ်တဲ့ အခါမှာ တစ်ခါတလေ font တွေ ပြောင်းလဲ မိတာမျိုးနဲ့ စာလုံး အကြီး အသေးတွေကို ပြောင်းလဲ ချင်သလို ပြောင်းလဲ ထားပြီး အသုံးပြုတတ် တာမျိုး တွေလည်း ရှိမှာပါ။

လုပ်ငန်းတွေ အားလုံး ပြီးသွားတဲ့ အခါမှာ ကိုယ့်ရဲ့ Notepad ကို default settings အတိုင်း ပြန်လည်ပြီး ထားချင်တယ် ဆိုရင် အောက်ဖော်ပြပါ နည်းလမ်း အတိုင်း Registry ကနေ သွားရောက်ပြီး ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။

Notepad ကို Default settings အတိုင်းဖြစ်အောင် Registry ကနေ ပြင်ဆင်ဖို့အတွက် ပထမဆုံး Registry ကို ဖွင့်လိုက်ပါ။

Win + R key ဖြင့် Run box ကိုခေါ်ပါ။ ပြီးသွားရင် regedit ဆိုတဲ့ command ကို အဆိုပါ Run box မှာ ရိုက်ထည့်ပေးရပါမယ်။ command ရိုက်ထည့်ပြီးရင် Registry Editor ကျလာ ပါလိမ့်မယ်။ Registry Editor မှာ HKEY_CURRENT_USER ဆိုတာကို ရွေးချယ်ရပါမယ်။ ရွေးချယ်ပြီးသွားရင် အောက်ဖော်ပြပါ လမ်းကြောင်း အတိုင်း ရွေးသွားပေးရပါမယ်။

HKEY_CURRENT_USER\Software\Microsoft\Notepad ဆိုတဲ့ လမ်းကြောင်းအတိုင်း အဆင့်ဆင့်သွားပါ။ ပြီးသွားရင် Notepad ဆိုတာကို ဘယ်ဘက်အခြမ်း panel ထဲမှာ တွေ့ပါ လိမ့်မယ်။ Right-click နှိပ်ပြီး Delete ပြုလုပ်လိုက်ပါ။ Key ကို Delete ပြုလုပ်မှာလားလို့ Confirm ပြုလုပ်ခိုင်းတဲ့ Dialog box မှာ Yes ကို နှိပ်ပေးရပါမယ်။

ပြီးသွားရင် Registry Editor ကနေ ထွက်လိုက်ပါ။ Registry Editor ကနေ ထွက်ပြီး Run box ကိုခေါ်ကာ notepad ဆိုတဲ့ command ကို ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် notepad ပြန်လည် ပွင့်လာမှာဖြစ်ပြီး Default Settings အတိုင်း အသုံးပြုနိုင်တာကို တွေ့ရမှာပါ။ ဒါကတော့ Notepad settingsကို အလွယ်ကူဆုံး reset ပြုလုပ်တဲ့နည်း ဖြစ်ပါတယ်။

By : Internet journal

Originally published at - http://internetjournal.media/how-to/6614

No comments: