တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, July 5, 2016

Windows 10 တွင် Anti-Spoofing Feature ကို Enable ပြုလုပ်ခြင်း




Windows 10 အသုံးပြုတဲ့ Laptop တွေနဲ့ Tablet အချို့မှာ System login တွေကို မိမိရဲ့ အချက် အလက်နဲ့ အလွယ် တကူ ဝင်နိုင်မယ့် Anti-Spoofing ဆိုတဲ့ နည်းပညာကို ထည့်သွင်း ထားပါတယ်။ ဒါကတော့ အချို့သော laptop နဲ့ Tablet တွေမှာ ပါဝင်တဲ့ Fingerprint Scanner hardware တွေ ထည့်သွင်း ထားတဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ် ရှုပ်ထွေးလှတဲ့ password တွေ
ကို အသုံးမပြုဘဲ လက်ဗွေ စနစ်နဲ့ system login ပြုလုပ် နိုင်တာမျိုးပဲ ဖြစ်ပါတယ်။

ယခုဖော်ပြမယ့် Anti Spoofing feature ကို အသုံးပြုဖို့ အတွက် ဆိုရင် spoofing နည်းပညာကို အထောက် အပံ့ပေး ထားတဲ့ ထုတ်ကုန် တွေမှာသာ အလုပ် လုပ်ဆောင်နိုင်မှာ ဖြစ်ပြီး၊ အထောက် အပံ့မပေး ထားတဲ့ ထုတ်ကုန်တွေ အတွက် ကတော့ အဆိုပါ နည်းပညာကို enable ပြုလုပ် ထားပေမယ့် ဘာမှ ထူးခြားမှာ မဟုတ်ပါဘူး။

Enhanced Anti-Spoofing feature ကို Enable ပြုလုပ်ဖို့ အတွက် နည်းလမ်း နှစ်နည်း ရှိပါတယ်။ Registry ကနေ Enable ပြုလုပ် တာနဲ့ Group Policy ကနေ Enable ပြုလုပ်တာ ဆိုပြီး နည်းလမ်းနှစ်မျိုး ရှိမှာ ဖြစ်ပါတယ်။

Registry ကနေ Enable ပြုလုပ်ဖို့ အတွက် Win + R key နဲ့ Run box ကို ခေါ်ပြီး regedit ဆိုတဲ့ command ကို ရိုက်ထည့် လိုက်ပါ။

ပြီးသွားရင် HKEY_LOCAL_MACHINE\SOFTWARE\Policies\Microsoft\Biometrics\ ဆိုတဲ့ လမ်းကြောင်း အတိုင်း သွားရပါမယ်။ Biometrics နေရာကို ရောက်သွားရင် Right-click ပြုလုပ်ကာ key ဆိုတာကို ရွေးချယ်ပေးပြီး Registry sub-key တစ်ခု ဖန်တီး ပေးရပါမယ်။ အဆိုပါ key နာမည်ကို Facial Features ဆိုတဲ့ အမည် ပေးရပါမယ်။

နောက်တစ်ဆင့် ကတော့ အဆိုပါ Sub-key ထဲက ညာဘက် အခြမ်း panel မှာ Right-click နှိပ်ပြီး New ကို ရွေးပေးပါ။ ပြီးသွားရင် DWORD (32-bit) Value ဆိုတာကို ရွေးပြီး ဖိုင်နာမည်ကို EnhancedAntiSpoofing ဆိုတဲ့ နာမည် ပေးရပါမယ်။

နာမည်ပေးပြီးရင် Double-click နှိပ်ပြီး တန်ဖိုး ကို 1 ပေးလိုက်ပါ။ အဆိုပါ အဆင့်တွေ လုပ်ဆောင် ပြီးရင် Registry ကနေ ထွက်လိုက်ပါ။ ဒါဆိုရင် Registry ကနေ Anti Spoofing feature ကို enable ပြုလုပ်ပြီးသွားပြီ ဖြစ်ပါတယ်။

Group Policy ကနေ ပြုလုပ်မယ် ဆိုရင် Run box မှာ gpedit.msc ဆိုတဲ့ command ကို ရိုက်ထည့်ပါ။ ပြီးသွားရင် “Computer Configuration -> Administra tive Templates -> Windows Components -> Biometrics -> Facial features” ဆိုတဲ့ လမ်းကြောင်း အတိုင်း အဆင့်ဆင့် သွားပါ။

Facial features အထဲမှာမှ Use enhanced anti-spoofing when available ဆိုတဲ့ ဖိုင်ကို Double click နှိပ်ပြီး Enable ပြုလုပ်ကာ Ok ကို နှိပ်ပြီး Group Policy ကနေ ထွက်လိုက်ရင် Group Policy ကနေ Enhanced Anti-Spoofing feature ကို Enable ပြုလုပ် ပြီးပြီ ဖြစ်ပါတယ်။

By : Internet journal

Originally published at - http://internetjournal.media/how-to/6916

No comments: