တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, July 5, 2016

Windows 10 တွင် Offline Map ထည့်သွင်း အသုံးပြုခြင်း




Windows 10 ကို Mobile, Tablet စတာတွေ ကနေ သုံးစွဲ သူများ အနေနဲ့ အင်တာနက် ချိတ်ဆက်မှု မရှိတဲ့ နေရာ များထံ ခရီးသွား ရတဲ့ အခါ Windows 10 မှာပါတဲ့ Map ကို Offline Map အနေနဲ့ အသုံးပြုနိုင် ပါတယ်။

Offline Map ကို Windows 10 မှာ ထည့်သွင်းဖို့အတွက် Settings ကိုဖွင့်လိုက်ပါ။ Settings ကိုဖွင့်ပြီးရင် System ဆိုတာကို ရွေးချယ်ပါ။



System ကို ရွေးချယ်ပြီးရင် Offline Map ဆိုတာကို ဘယ်ဘက်အခြမ်းမှာရှိတဲ့ Panel မှာ ရှာလိုက်ပါ။ အဆိုပါ Offline Map ကိုတွေ့ရင် Select ပြုလုပ်ပေးရပါမယ်။ Select ပြုလုပ်ပြီးရင် ညာဘက်အခြမ်းမှာ Download Map ဆိုတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။



Offline Map ကို download ပြုလုပ်ဖို့ အတွက် လိုင်း အသင့် အတင့် ကောင်းမွန်တဲ့ Wi-Fi ရှိဖို့တော့ လိုအပ်ပါမယ်။ Download ပြုလုပ်ဖို့ အတွက် Download Maps ဆိုတဲ့ Button ကို နှိပ်လိုက်ပါ။ အဆိုပါ button ကို နှိပ်လိုက်ရင် Africa, Asia, Austria/Oceania, Europe, North and Central America, South America ဆိုပြီး တွေ့မြင်ရမှာ ဖြစ်ပါတယ်။

မိမိ အသုံးပြုလိုတဲ့ နိုင်ငံ ရှိရာကို ရွေးချယ်ပေးရပါမယ်။



ရွေးချယ်ပြီးသွားပြီဆိုရင် အဆိုပါ မြေပုံကို download ပြုလုပ်သွားပါလိမ့်မယ်။ download ပြုလုပ်တဲ့ လုပ်ငန်းစဉ် ပြီးဆုံးသွားပြီဆိုရင် သက်ဆိုင်ရာ offline map ကို စတင်အသုံးပြုနိုင်ပါပြီ။

Ref: pcmag

By : Internet journal

Originally published at - http://internetjournal.media/how-to/5742

1 comment:

  1. မြန်မာမြေပုံလဲပါဘူး

    ReplyDelete