တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, July 5, 2016

Windows 10 တွင် ယခင် Windows version များမှ နာရီပုံစုံကို ပြန်လည်ထည့်သွင်းခြင်း




Windows 10 အသုံးပြု သူတွေ အနေနဲ့ ယခင် Windows 7 မှ နာရီ ပုံစံကို ပြန်လည် အသုံးပြု ချင်တယ် ဆိုရင် အောက်ဖော်ပြပါ နည်းလမ်း အတိုင်း အလွယ် တကူနဲ့ ပြုလုပ်နိုင်မှာ
ဖြစ်ပါတယ်။

Windows 10 မှာ ထည့်သွင်းပေး ထားတဲ့ နာရီပုံစံကို သဘောမကျတဲ့ သူတွေ အနေနဲ့ ယခင် ဗားရှင်းတွေမှာ အသုံးပြုခဲ့တဲ့ ပုံစံအတိုင်း ပြောင်းလဲကာ အသုံးပြုနိုင်ပါတယ်။

ယခင်နာရီ ပုံစံအတိုင်း ပြောင်းလဲ ချင်သူတွေ အနေနဲ့ ပထမဆုံး Run box ကိုWin+R key နှိပ်ပြီး ဖွင့်လိုက်ပါ။ Run Box ပေါ်လာရင် regedit ဆိုတဲ့ command ကို ရိုက်ထည့် ရမှာ ဖြစ်ပါတယ်။ Regedit ကိုရိုက်ထည့်လိုက်ရင် Registry box တက်လာမှာ ဖြစ်ပါတယ်။ အဆိုပါ Registry box ကနေ ပြင်ဆင်ပေးရမှာ ဖြစ်ပါတယ်။

Registry box တက်လာရင် ဖော်ပြပါ လမ်းကြောင်းအတိုင်း သွားရပါမယ်။ HKEY_LOCAL_MACHINE>SOFTWARE>Microsoft>Windows>CurrentVersion>ImmersiveShell ဆိုတဲ့ လမ်းကြောင်းအတိုင်း ရောက်သွားပြီဆိုရင် ညာဘက် panel ထဲမှာ Right-click နှိပ်လိုက်ပါ။

New ပေါ်လာမှာဖြစ်ပြီး DWORD (32-bit) Value ဆိုတာကို ရွေးချယ်ပေးရပါမယ်။ အဆိုပါ ပြုလုပ်လိုက်တဲ့ ဖိုင်ကို UseWin32TrayClockExperience ဆိုတဲ့ အမည်ပေးရပါမယ်။ စာလုံး အကြီး အသေးကို သတိထားပြီး ဖော်ပြပေး ထားတဲ့ အတိုင်း ပေးလိုက်ပါ။

အဆိုပါဖိုင်ကို အမည်ပေးပြီးပြီဆိုရင် အလုပ်လုပ်ဆောင် နိုင်ရန်အတွက် ပြင်ဆင်ပေးရပါမယ်။ အဆိုပါဖိုင်ကို ပြင်ဆင်ရန် double click နှိပ်လိုက်ပါ။ ပြီးသွားရင် Value data ဆိုတဲ့ နေရာမှာ တန်ဖိုးကို 1 အဖြစ် သတ်မှတ်ပေး လိုက်ပါ။ တန်ဖိုးထည့်သွင်း ပြီးပြီဆိုရင် Ok ကို နှိပ်လိုက်။ ဒီအဆင့် ပြီးသွားရင်တော့ နာရီဟာ ယခင် ဗားရှင်း အဟောင်းမှာ မြင်နေကျ နာရီ ပုံစံအတိုင်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အကယ်၍ အဆိုပါ ဒီဇိုင်းပုံစံကို မကြိုက်ဘူးဆိုရင်တော့ အဆိုပါ ဖိုင်လေးကို Double-click နှိပ်လိုက်ပါ။ ပြီးသွားရင် 0 လို့တန်ဖိုးကို ပေးထားနိုင်သလို၊ အဆိုပါဖိုင်ကို delete ပြုလုပ်ပြီး ဖျက်လိုက်ရင်လည်း ယခင်ဗားရှင်း ပုံစံနာရီကို မြင်ရတော့မှ မဟုတ်ပါဘူး။

အထက်ပါ ဖော်ပြချက်များဟာ ယခင်ဗားရှင်း အဟောင်းနာရီကို ပြန်လည် အသုံးပြုချင် သူများအတွက် အလွယ်တကူနဲ့ လုပ်ဆောင်နိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။

By : Internet journal

Originally published at - http://internetjournal.media/how-to/4667

No comments: