တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, July 5, 2016

Windows 10 တွင် Start Menu ခလုတ် အလုပ်မလုပ်သည့် ပြဿနာ ဖြေရှင်းခြင်း




Windows 10 တွင် Start Menu ခလုတ် အလုပ် မလုပ်သည့် ပြဿနာကို ကြုံတွေ့ ရပါက အောက်ဖော်ပြပါ နည်းလမ်း အတိုင်း အလွယ် တကူနဲ့ လုပ်ယူနိုင် ပါတယ်။ အဆိုပါ ပြဿနာကို ကြုံတွေ့ ရပါက Powershell မှ ဖြေရှင်းရမှာ ဖြစ်ပါတယ်။

Powershell ကို ဖွင့်ရန် အတွက် Start Meun ခလုတ်ရှိတဲ့ Taskbar ကို Right-click ပြုလုပ်ပြီး Task Manager ကို ဖွင့်ရ ပါမယ်။ File Menu ကို နှိပ်ပြီး Run new task ဆိုတာကို ရွေးချယ် လိုက်ပါ။

Create new task ဆိုတဲ့ box ကျလာရင် powershell ဆိုတဲ့ command ကို ရိုက်ထည့် ရပါမယ်။ command ကို ရိုက်ထည့်ပြီး သွားရင် Create this task with administrator privileges ဆိုတဲ့ နေရာမှာ အမှန်ခြစ် ထည့်ပေးပြီး powershell ကို ဖွင့်နိုင်ပါတယ်။



နောက်ထပ် Powershell ကို အသုံးပြုနိုင်မယ့် နည်းလမ်းကတော့ Start Menu button ကို Right-click နှိပ်ပြီး Command Prompt (Admin) ဆိုတာကို ရွေးချယ်လိုက်ပါ။ Command prompt ထဲရောက်သွားပြီဆိုရင် powershell ဆိုတဲ့ command ကို ရိုက်ထည့်ရင်လည်း powershell ကို အသုံးပြုနိုင်ပါတယ်။



Powershell ထဲကိုရောက်ပြီဆိုရင် Get-AppXPackage -AllUsers | Foreach {Add-AppxPackage -DisableDevelopmentMode -Register "$($_.InstallLocation)\AppXManifest.xml"} ဆိုတဲ့ command ကို copy ကူးပြီး ထည့်လိုက်ပါ။



အဆိုပါ command ကို ထည့်ပြီးရင် လုပ်ငန်းလုပ်ဆောင်နေတာကို ခေတ္တစောင့်ဆိုင်းပေးလိုက်ပါ။ error ဖြစ်တဲ့ code များကို အနီရောင်နဲ့ ဖော်ပြပေးနေမှာဖြစ်ပြီး လုပ်ငန်း ပြီးဆုံး သွားပြီ ဆိုရင် powershell မှ ထွက်ပြီး ကွန်ပျူတာကို Restart ပြုလုပ်ပေး လိုက်ပါ။ Windows ပြန်တက် လာတဲ့ အခါမှာ Start Menu ခလုတ် ပြန်လည် အလုပ် လုပ်ဆောင်နိုင် တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Ref: pcadvisor

By : Internet journal

Originally published at - http://internetjournal.media/how-to/5830

No comments: