တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, November 13, 2016

Facebook အကောင့်ကို ခဏတာ သို့မဟုတ် အပြီးတိုင် ဖျက်သိမ်းနည်း




Facebook ဟာ လူမှု ကွန်ရက် ဖြစ်တာနဲ့ အညီ လူမျိုးစုံနဲ့ ထိတွေ့ ဆက်ဆံ ကြရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Facebook မှာလည်း တကယ့် လက်တွေ့ ဘ၀တွေ မှာလို ပေါင်းသင်း ဆက်ဆံရေးမှာ ပြဿနာတွေ ရှိကြ ပါတယ်။

ဒီလို ပြဿနာတွေ များပြားနေ ရင်တော့ သင့်ရဲ့ အကောင့်ကို ခဏတာ ပိတ်သိမ်းခြင်း သို့မဟုတ် အပြီးတိုင် ဖျက်ပစ်ခြင်း တို့ကို ပြုလုပ် နိုင်ပါတယ်။

Facebook အကောင့်ကို ခဏတာ ဖျက်သိမ်းနည်း သို့မဟုတ် Deactivate ပြုလုပ်နည်း

၁။ သင့်ရဲ့ Facebook App ကို ဖွင့်ပြီး ညာဘက် အပေါ် ထိပ်မှ Menu ကို နှိပ်ပါ။



၂။ Account Settings ထဲသွားပြီး Security ကို နှိပ်ပါ။



၃။ Security Settings Page ရဲ့ အောက်ခြေမှာ Account > Deactivate ကို တွေ့ရမှာ ဖြစ်ပါတယ်။ Deactivate ကို နှိပ်ပါ။



၎။ သင့်ရဲ့ Password ကို တောင်းခံရင် ထည့်ပေးပါ။

၅။ နောက် အဆင့်မှာတော့ ဘာကြောင့် Deactivate ပြုလုပ်သလဲ ဆိုတာကို Facebook က သင့်ကို စစ်တမ်း ကောက်ယူမှာ ဖြစ်ပါတယ်။



၆။ စစ်တမ်းမှ “ Opt out of receiving future emails from Facebook “ မှာ အမှန်ခြစ် ပေးမှသာ Deactivate ပြုလုပ် ထားချိန်မှာ သင့်ထံ Facebook မှ အီးမေးများ မ၀င်လာမှာ ဖြစ်ပါတယ်။

ဖြေဆိုပြီးရင် Deactivte ကို ထပ်နှိပ်ပါ။ Password တောင်းရင် ထည့်ပေးပါ။ ဒါဟာ နောက်ဆုံး အကြိမ် Password တောင်းခံခြင်း ဖြစ်ပြီး ပြီးရင်တော့ သင့်အကောင့်ကို Deactivate သို့မဟုတ် ခဏတာ ပိတ်သိမ်း လိုက်မှာ ဖြစ်ပါတယ်။ ခဏတာ ပိတ်သိမ်းထားတဲ့ အတွက် သင်ပြန်လည် အသုံးပြု ချင်တဲ့ အချိန်မှာ Username, Password ထည့်ပေးပြီး အသုံးပြုနိုင် ပါတယ်။



Facebook အကောင့်ကို အပြီးတိုင်ဖျက်သိမ်းနည်း


Facebook အကောင့်ကို အပြီးတိုင်ဖျက်သိမ်းချင်ရင် သင့်ရဲ့ ဓါတ်ပုံ၊ ဗီဒီယိုနဲ့ အခြား ဒေတာများကို ဖျက်ဆီးပစ်မှာဖြစ်ပါတယ်။ အဲဒီအတွက် မဖျက်သိမ်းခင်မှာ အဲဒီဒေတာများကို ဒေါင်းလုပ်ရယူနိုင်ပါတယ်။ Menu> Settings > General ထဲသွားပါ။ အောက်ခြေမှ “ Download a copy of your Facebook data” ဆိုတဲ့ လင့်ကို နှိပ်ပါ။ နောက်အဆင့်မှာ Start My Archive ကို နှိပ်ပါ။

ဒေါင်းလုပ်ရယူပြီးရင်တော့ အောက်ပါ လင့်ကနေ သင့်ရဲ့ အကောင့်ကို အပြီးတိုင်ဖျက်သိမ်းနိုင်ပါတယ်။

https://goo.gl/gJRAXh



အကောင့်ဖျက်သိမ်းခြင်း လုပ်ငန်းစဉ်ဟာ ရက် ကိုးဆယ်လောက် ကြာတတ် ပါတယ်။

Originally published at - http://www.blog.myanmardigitallife.com



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

No comments: