
ကောလာဟလ သတင်းများနှင့် သတင်း ပေါက်ကြားမှု အများ အပြား ရှိပြီးနောက် Vivo X9 နှင့် X9Plus စမတ် ဖုန်းများကို နိုဝင်ဘာ ၁၆ ရက်တွင် ဘေဂျင်း မြို့၌ တရားဝင် မိတ်ဆက်မည် ဖြစ်ကြောင်း ကုမ္ပဏီက အတည် ပြုသည်။
တရုတ် စမတ်ဖုန်း ကုမ္ပဏီ Vivo က ၎င်းတို့၏ တရားဝင် Weibo အကောင့်တွင် ယင်းသို့ ကြေညာ ထားပြီး မျှော်လင့် ထားသည်ထက် တစ်ရက်စော၍ မိတ်ဆက်ရန် ပြင်ဆင် ထားခြင်းဖြစ်သည်။
X9 နှင့် X9 Plus ဖုန်းများသည် ယနေ့ခေတ်တွင် တစ်မူထူး ခြားသော စမတ်ဖုန်းပုံစံများအ ဖြစ် ရှေ့ဘက်၌ ကင်မရာနှစ်လုံး ပါဝင်မည်ဖြစ်သည်။ ယင်းဆယ်လ် ဖီကင်မရာနှစ်လုံးအနက် တစ်လုံးမှာ 20 MP ရှိသည်ဟု Vivo ကုမ္ပဏီက ပြောကြားထားပြီးနောက် တစ်လုံးမှာ 8 MP ရှိသည်။
ထို့ပြင် Vivo က အထက်ပါ ကြေညာချက်နှင့်အတူ ယင်း X9 စမတ်ဖုန်းအသစ်နှစ်လုံး၏ အချက်အလက်သစ်အချို့ပါ ဖော်ပြထားသည်။
ယင်းဖုန်း၏ မျက်နှာပြင်သည် အလွန်ပါးလွှာပြီး ၁ ဒသမ ၅၉ မီလီမီတာသာရှိကာ Gorilla Glass 5 အမျိုးအစား ဖန်သားပြင် ဖြစ်သည်။
ရှေ့တွင် ကင်မရာနှစ်လုံး ပါဝင်သော်လည်း X9 ၏ ကျောဘက်တွင် ကင်မရာတစ်လုံးသာပါကာ LED မီးပါဝင်သည်။
ယခင်က ထွက်ပေါ်ခဲ့သော ကောလာဟလသတင်းများအရ ယင်း X9 ဖုန်းတွင် Snapdragon 653 ပရိုက်ဆက်ဆာကို သုံးထား ကာ RAM မှတ်ဉာဏ် 4 (သို့မ ဟုတ်) 6 GB ရှိသည်ဟုဆိုသည်။ အတွင်းပိုင်း သိုလှောင်သိမ်းဆည်း နိုင်မှု ပမာဏ 64 GB ရှိပြီး X9 Plusစမတ်ဖုန်းတွင် ကျောဘက်၌လည်း ကင်မရာနှစ်လုံး ပါသည်ဟုဆိုသည်။
—Ref:GSM Arena
From : 7 day daily
Originally published at - http://www.7daydaily.com/story/80402

No comments: