
Facebook သုံးသူတွေ အနေနဲ့ ဖုန်းကနေ ဓာတ်ပုံ aတွကို Face-book ပေါ်တင်တဲ့ အခါမှာ ပုံရဲ့ အရည် အသွေးကို ကျမသွား အောင်၊ Facebook ကနေ လျော့ မပစ်အောင် လုပ်ဆောင် ထားနိုင် ပါတယ်။
Facebook ကနေ သုံးစွဲ သူရဲ့ မိုဘိုင်းဒေတာ သုံးစွဲမှုကို ကုန်ကျမှု လျော့နည်းအောင် App ကနေ ပုံတင်တိုင်း ဓာတ်ပုံတွေရဲ့ အရည် အသွေးကို အလို အလျောက်
လျော့ချ ပေးပါတယ်။
အဲလိုမျိုး Facebook ကနေ လျော့ချတာမျိုး မလုပ်ချင်ဘူး ကိုယ့်အနေနဲ့ ပုံတွေကို အရည်အသွေးမြင့်မြင့်နဲ့ပဲ တင်ချင်တယ်ဆိုရင်တော့ Facebook App ထဲ မှာပဲ ပြင်ဆင်ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ Android OS ကော၊ iOS စနစ်မှာကော အလွယ်တကူ ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။

ဦးစွာ ဖုန်းမှာ Facebook icon ကို နှိပ်ပြီးဖွင့်လိုက်ပါ။ ပြီးရင်တော့ ညာဘက်အောက် ထောင့်နားက မျဉ်းကြောင်းသုံးခု ပုံစံ Menu icon ကို တစ်ချက်နှိပ်ပါ။ ပြီးရင်တော့ Settings ဆိုတာ ကို ထပ်နှိပ်ပြီး settings စနစ်ထဲ ကို ၀င်လိုက်ပါ။

အဖြူရောင်အကွက်တစ်ခု ပေါ်လာမှာဖြစ်ပြီး အဲဒီထဲကမှ Account Settings ထဲကို ၀င်လိုက်ပါ။

Facebook ရဲ့ Account Settings ထဲကို ရောက်သွားပါမယ်။ အဲဒီထဲကမှ Videos and Photos ဆိုတဲ့ စာသားကိုရှာပြီး နှိပ်ပါ။

Video and Photos စနစ်ထဲ ကို ရောက်သွားရင်တော့ Video Settings နဲ့ Photo Settings ဆို တဲ့စာသားတွေအောက်က Upload HD ဆိုတဲ့ စာသားဘေး နားက ခလုတ်လေးတွေကို တစ် ချက်နှိပ်ပြီး ဖွင့်လိုက်ပါ။

ဒါဆိုရင်တော့ Facebook App ကိုသုံးပြီး အရည်အသွေးမြင့် ဓာတ်ပုံတွေကို Facebook ပေါ် ကို တင်နိုင်ပြီပဲ ဖြစ်ပါတယ်။
Settings စနစ်ထဲမှာ ဖော်ပြပါ ပုံစံအတိုင်း ပြောင်းလဲထားလိုက်မယ် ဆိုရင်တော့ Facebook ကနေ မိုဘိုင်း ဒေတာသုံးစွဲမှုကို လျော့ချဖို့အတွက် ဓာတ်ပုံနဲ့ ဗီဒီယိုတွေရဲ့ အရည်အသွေးကို လျော့ချတာမျိုး လုပ်တော့မှာ မဟုတ်ဘဲ အရည်အသွေး ကောင်းမွန်တဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေအနေနဲ့ပဲ Facebook ပေါ်မှာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။

From : Internet Journal - By: ရဲထွဋ်ဝင်း
Originally published at - http://www.internetjournal.media/how-to/9000

No comments: