တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, May 15, 2017

ဆိုနီရဲ့ 256 GB အထိ တိုးချဲ့နိုင်မယ့် Xperia L1 စမတ်ဖုန်း ဇွန်လမှာ ဝယ်ယူနိုင်မည်




ကမ္ဘာကျော် ဂျပန် ကုမ္မဏီ ဆိုနီ (Sony) က သူ့ရဲ့ ထုတ်ကုန် သစ်တွေ ဖြစ်တဲ့ Xperia XA1, Xperia XZ  Premium နဲ့ Xperia L1 တွေကို ပြည်တွင်းမှာ မိတ်ဆက် ခဲ့ရာ Xperia L1 ကို ဇွန်လ နှောင်းပိုင်းမှာ စတင် ဝယ်ယူနိုင် တော့မှာ ဖြစ်ကြောင်း ကြေညာ ပါတယ်။

ဖိုင်တွေ၊ ဒေတာတွေကို သိမ်းဆည်း ပေးမယ့် 256 GB အထိ တိုးချဲ့နိုင် တာကြောင့် စိတ်ကြိုက် ထည့်သွင်း သိမ်းဆည်း နိုင်မှာ ဖြစ်ပါတယ်။ 256 GB အက်စ်ဒီ ကတ် တိုးချဲ့နိုင် တာကြောင့် လုပ်ငန်းသုံး တွေ အတွက် အသုံးဝင်မယ့် ဖုန်းပဲ ဖြစ်ပါတယ်။

ဖုန်းတွင်းအင်တာနယ်မမ်မိုရီကတော့ 16 GB ပါဝင်ပါတယ်။ မျက်နှာပြင် ၅.၅ လက်မ HD မျက်နှာပြင်၊ ဆိုနီကိုယ် ပိုင်ဒီဇိုင်းနဲ့ ဘောင်အကွေးပုံစံပါဝင်လာပြီး စွမ်းဆောင်ရည် Quad-Core အမျိုးအစားအပြင် အင်တာနက်အတွက်မြန်ဆန်တဲ့ ဖိုးဂျီကွန်ရက်ပါဝင်ပါတယ်။

နောက်ပြီး smart cleaner မှ ချောမွေ့ပြေပြစ်ပြီး ကြာရှည်ခံတဲ့စက်ပစ္စည်း ဖြစ်စေဖို့အတွက် အသုံးမပြုတဲ့လုပ်ဆောင်ချက်တွေနဲ့ ဝှက်ထားတဲ့ဒေတာတွေကို အလိုအလျောက်ဖယ်ရှားပေး လိုက်တာနဲ့ ဖုန်းတစ်လုံးရဲ့လုပ်ဆောင် ချက်တွေကို အချိန်တိုင်း အမြင့်ဆုံးစွမ်း ဆောင်ရည်နဲ့ အလုပ်လုပ်စေပါတယ်။

ဖုန်းအတွင်းအက်ပ်နဲ့ ဆော့ဖ်ဝဲတွေကို run မယ့် RAM 2GB ပါဝင်ပါတယ်။ ကင်မရာပိုင်းအရ ကျောဘက်ကို 13 MP နဲ့ ဆယ်ဖီရှေ့ကင်မရာက 5mp ပါဝင်ပါတယ်။ ဗားရှင်းမှာ အန်းဒရွိုက်ဗားရှင်းအ မြင့်ဆုံးဖြစ်တဲ့ အန်းဒရွိုက် 7.0 ပါဝင်ပြီး ဘက်ထရီ 2620 mAh ပါဝင်ပါတယ်။

ဆင်းမ်ကတ်နှစ်ကတ်သုံးဖြစ်ပြီး ကွန်ရက်ချိတ်ဆက်မှုအတွက် ဝိုင်ဖိုင်၊ ဂျီပီ အက်စ်၊ ဘလူးတုသ်၊ NFC, Head-phones, , သရီးဂျီ၊ ဖိုးဂျီတို့ ပါဝင်ပါတယ်။

ဖုန်းရဲ့အပြင်အဆင်တွေနဲ့ လက်တွေ့အသုံးဝင်မှုတွေကကို ပတ်ဝန်းကျင်နဲ့ အ လိုက်သင့်ပြင်ဆင်ညှိနှိုင်းပေးဖို့ Xperia L1 မှာ ဆိုနီမိုဘိုင်းလ်ရဲ့ Xperia Actions အင်ဂျင်ကို ထည့်သွင်းပေး ထားပါတယ်။

Goodnight mode က ဖုန်းကို Do not disturb ကို အလိုအလျောက်သတ်မှတ်ပေးပြီး မျက်နှာပြင်အလင်းရောင်ကို လျော့နည်းစေကာ  အားသွင်း ထားစဉ် အချိန်မှာ အနှောင့်အယှက် မရှိအောင် လုပ်ဆောင်ပေး ပါတယ်။

Xperia L1 ကို ဇွန်လနှောင်းပိုင်းမှာ ပြည်တွင်းမှာ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

အခုမိတ် ဆက်တဲ့ Sony Xperia စမတ်ဖုန်းသစ်တိုင်းမှာ ဇော်ဂျီကုတ် ရနေ ပြီဖြစ်တယ်လို့ သိရပါတယ်။

From : ကုမုဒြာဂျာနယ် by မေဘယ်လ်

Originally published at - http://www.kumudranews.com

No comments: