တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, May 13, 2017

မည်သည့် ဘရောက်ဇာက မဆို အင်စတာဂရမ် အကောင့်ကို အက်ပ် မလိုဘဲ ပို့စ်တင်နိုင်




ကမ္ဘာကျော် ဆိုရှယ် မီဒီယာ အင်စတာ ဂရမ် အကောင့်ကို လက်ရှိမှာ ဆိုရင် အပလီ ကေးရှင်း မလိုပဲ ကြိုက်ရာ ဘရောက်ဇာ ကနေ ဝင်ရောက် အသုံးပြု နိုင်ပြီ ဖြစ်ပါတယ်။

အရင်ကဆိုရင် အင်စတာဂရမ်အက်ပ်ကနေ သုံးစွဲရတာဖြစ်ပြီး မိမိတင် လိုတဲ့  ပို့စ်နဲ့ဓာတ်ပုံတွေကို ဘရောက်ဇာကနေသုံးစွဲလို့မရခဲ့ပါဘူး။ အက်ပ်ကနေပဲ ဓာတ်ပုံတင်တာတွေကို ပြုလုပ်ရတာဖြစ်ပေမဲ့ အခုဆို ရင်တော့ ဖေ့စ်ဘုတ်ခ်လိုဝက်ဘ်ဆိုက်ပေါ်ကနေ တိုက်ရိုက်အသုံး ပြုနိုင်ပြီ ဖြစ်ပါတယ်။

အင်စတာဂရမ်က ဓာတ်ပုံအသားပေးတင်တဲ့ နက်ဝပ်ခ်ဖြစ်တာကြောင့် သုံးစွဲသူအများစုဟာ မိမိတို့ရဲ့ဓာတ်ပုံအရည်အသွေး resolution ကောင်းစေဖို့ DSLR ကင်မရာတွေနဲ့ ရိုက်ကူးပြီးအင်စတာဂရမ်မှာ တင်ကြတာဖြစ်ပါတယ်။

ဖုန်းထဲက အက်ပ်နဲ့အသုံးပြုရတာကြောင့် DSLR ကင်မရာနဲ့ ရိုက်ကူး သူတွေအတွက် အနည်းငယ်အကျပ်ရိုက်စေပါတယ်။ ဘာကြောင့် လည်းဆိုတော့ အင်စတာဂရမ်မှာတင်မယ့်ပုံကို ကွန်ပျူတာကနေ တစ်ဆင့်ချိတ်ဆက်ယူပြီး edit လုပ်ကာတင်ရတာကြောင့် ပုံအရည် အသွေးက မူရင်းလောက်မကြည်လင်တာမျိုးတွေဖြစ်နေတာပါပဲ။

အခုဆိုရင်တော့  မိမိအနေနဲ့ကွန်ပျူတာနဲ့သုံးမယ်ဆိုရင် ကင်မရာ မမ်မိုရီကတ်ထဲကနေ browse လုပ်ပြီး တိုက်ရိုက်တင်နိုင်တာကြောင့်  အရည်အသွေးကောင်းတဲ့ပုံကိုတင်နိုင်ပြီ ဖြစ်ပါတယ်။

မိုဘိုင်းလ်ဖုန်း ကနေတင်မယ်ဆိုရင် တောင်အိုင်ဖုန်းသုံးစွဲသူဆိုရင် DSLR ကင်မရာ ကနေပုံတွေကို အီးမေးလ်နဲ့ AirDrop ကိုကူးလိုက်ပြီး ပို့စ်တင်နိုင် ပါတယ်။ အီးမေးလ်နဲ့ Air Drop မှာ ပို့တဲ့ရုပ်ပုံတွေက မူရင်းဓာတ်ပုံ အရည်အသွေးနဲ့ဖြစ်ပါတယ်။

ဘရောက်ဇာကနေ ဘယ်လိုဝင်မလဲ

လူအများစုသုံးကြတဲ့ firefox ဘရောက်ဇာမှာတော့ဝင်ရတာအလွယ် ဆုံးပါပဲ။ www. instagr- am.com ဆိုပြီးရိုက်ထည့်လိုက်တာနဲ့ တွေ့ရမှာဖြစ်ပါတယ်။

ဒါပေမဲ့တရားဝင် အင်စတာဂရမ်ဘလော့ဂါရဲ့ အဆိုအရ firefox နဲ့ အသုံးပြုတာက public လိုနေရာတွေမှာသုံးရင်   စိတ်မချရတာကြောင့် အောက်မှာ ဖော်ပြ ထားတဲ့ Safari နဲ့ Chrome ဘရောက်ဇာတွေက စိတ်ချရမှာဖြစ်ကြောင်း သိရပါတယ်။

ဆာဖာရီဘရောက်ဇာ

ဆာဖာရီ(Safari)ဘရောက်ဇာက အက်ပဲလ်သုံးစွဲသူတွေအတွက် ဖြစ်ပါတယ်။ အက်ပဲ desktop နဲ့ မက်ဘုတ်ခ်အသုံးပြုသူတွေ အတွက်ပါ။

Safari ထဲကနေ >Pre-ferences> Advanced ထဲဝင်ပါ။ Show Develop menu in menu bar ဆိုတာတွေ့ရင် ဘရောက်ဇာကို  ဖွင့်လိုက်ပါ။

ထိပ်နားမှာ Develop> User Agent> Safari–iOS 10 -i Phone ထဲဝင်ပြီး Instagram.com ဆိုပြီးရိုက်လိုက်ပါ။

Sign  in ကိုတွေ့ရင်နှိပ်ပြီး စခရင်ရဲ့အောက်ခြေ က ကင်မရာခလုတ်ပုံကိုနှိပ်ပြီး မိမိတင်ချင်တဲ့ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုကို upload တင်ပါ။

ခရုမ်းဘရောက်ဇာ

ခရုန်း (Chrome) ဘရောက်ဇာ သုံးစွဲသူတွေအတွက် Chrome အက်ပ်ရှိရင် Chrome ထဲဝင်ပါ။ View>Developer>Developer  Tools ကိုရှာပါ။

ဆိုက်ဘားမှာ ဘောက်စ်ပုံစံနဲ့ ကုတ်နံပါတ်တစ်ခုတောင်းပါလိမ့်မယ်။ အဲသည်ထဲ မဝင်ဘဲကျော်လိုက်ပါ။

ဆိုက်ဘားရဲ့ဘယ်ဘက်မှာ Instagr-am.com ဆိုပြီးရိုက်ထည့်ပါ။

Sign in လုပ်ပြီး စခရင်ရဲ့အောက်ခြေက ကင်မရာခလုတ်ပုံကိုနှိပ်ပြီး မိမိတင်ချင်တဲ့ဓာတ်ပုံသို့မဟုတ်  ဗီဒီယိုကို upload တင်ပါ။

လက်ရှိမှာဆိုရင် တစ်ကမ္ဘာလုံးမှာရှိတဲ့ အင်စတာဂရမ်သုံးစွဲသူ ဦးရေသန်း  ၇၀ဝ နီးပါးရှိကြောင်း စစ်တမ်းရဲ့ဖော်ပြချက်အရသိရပါ တယ်။

From : ကုမုဒြာဂျာနယ် by မေဘယ်လ်

Originally published at - http://www.kumudranews.com

No comments: