တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, May 13, 2017

ဆမ်ဆောင်း S8 နဲ့ အိုင်ဖုန်း 7 ဘယ်လို ရွေးကိုင် သင့်သလဲ




စမတ် ဖုန်းကို လုပ်ငန်းသုံး ဖြစ်စေ၊ တခြား အရာ တွေကြောင့် ဖြစ်စေ ကိုယ်နဲ့ ကိုက်ညီမှု ရှိမယ့် အမျိုး အစားကို သေချာ ရွေးချယ် သင့်ပါတယ်။

လက်ရှိမှာ နာမည်ကြီး နေတဲ့ ဆမ်ဆောင်း S8 နဲ့ အိုင်ဖုန်း 7 တို့ကို ဘယ်လို ရွေးကိုင် သင့်တယ် ဆိုတာ ဖော်ပြ ပေးလိုက် ပါတယ်။

လက်ရှိကမ္ဘာမှာရောင်းအားအကောင်းဆုံးစမတ်ဖုန်းဖြစ်နေတဲ့ အိုင်ဖုန်းဆဲဗင်းနဲ့ ဆဲဗင်းပလတ်စ်ဖုန်းကို လုပ်ငန်းအဖြစ်သုံးဖို့ ပိုသင့်တော်ပါတယ်။

စီးပွားရေးနဲ့ လုပ်ငန်းသုံးတွေ အတွက် အသုံး ဝင်စေ တာကတော့ အိုင်ဖုန်းရဲ့လုံခြုံမှု security ပိုင်းက ဘယ်စမတ် ဖုန်းနဲ့မှ ယှဉ်လို့ မရအောင် လုံခြုံမှု ရှိစေ တာကြောင့် ဖြစ်ပါတယ်။

လုပ်ငန်းပိုင်း ဆိုင်ရာဒေတာ အချက် အလက်တွေကို တိုက်ခိုက် သူတွေ တော်ရုံ မဖောက်နိုင်ခြင်း၊ စာရွက် စာတမ်းတွေနဲ့ ဖိုင် document တွေကို ဖုန်းထဲ အလွယ် တကူ သိမ်းနိုင်ခြင်း၊ မမ်မိုရီ 256 GB ပါဝင် တာကြောင့် အချက် အလက် မှတ်တမ်းတွေကို စိတ်ကြိုက်ထည့် သွင်းနိုင် တာကြောင့် လုပ်ငန်းပိုင်း အတွက် အဆင်ပြေ စေမှာ ဖြစ်ပါတယ်။

အွန်လိုင်းငွေချေတဲ့အခါမှာလည်း လုံခြုံမှုရှိစေမှာဖြစ်ပါတယ်။

အိုင်ဖုန်းဆဲဗင်းမှာပါဝင်တဲ့ ကင်မရာပစ်ဇယ်နဲ့ရုပ်ထွက်သာလွန်တာ ကြောင့် သတင်းသမားတွေအနေနဲ့ သတင်းလိုက်တဲ့နေရာမှာ ကင်မရာယူသွားစရာမလို၊ အသံဖမ်းစက်ယူသွားစရာမလိုဘဲ ဖုန်း တစ်လုံးတည်းနဲ့ အရာအားလုံး လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ရုပ်သံသမားတွေအနေနဲ့ ကင်မရာမေ့ကျန်ခဲ့လို့ဖြစ်စေ၊ ကင်မရာ ယူသွားလို့မရတဲ့ နေရာတွေမှာ အိုင်ဖုန်းဆဲဗင်းနဲ့မိုက်ခ်အသေးစား၊ ထရိုင်ပေါ့ဒေါက် သို့မဟုတ် ဆယ်ဖီစတစ်ပါရုံနဲ့ ရုပ်သံပိုင်းကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ကျောဘက်မှာပါတဲ့ ကင်မရာနှစ်စုံဟာဆိုရင် ရိုက်ကူးမယ့်မြင်ကွင်း ကို မြင်ကွင်းအကျယ်ချဲ့ရိုက်ဖို့အတွက် eideangle ကင်မရာနဲ့ တယ်လီဖိုတိုကို switches လှည့်သုံးနိုင်ပြီး ဇွန်းမ်နှစ်ဆချဲ့သုံးနိုင်ပါတယ်။

အိုင်အိုအက်စ်တန်းဗားရှင်းပါဝင်လာတာကြောင့် ဆီရီနည်းပညာတွေ မြှင့်လာပြီး လုပ်ဆောင်ချက်တွေက အရင်ဖုန်းမော်ဒယ်တွေထက်ပိုပြီး  အားသာ လာတာကို တွေ့ရပါတယ်။

အိုင်ဖုန်းဆဲဗင်းနဲ့ အိုင်ဖုန်းဆဲဗင်းပလပ်စ်နှစ်မျိုးလုံးရေစိမ်ခံဖြစ်ပါတယ်။ ရေစိမ်ခံဖုန်း ဖြစ်တာကြောင့် ရေကူးကန်တွေနဲ့ဆိုင်တဲ့နေရာတွေမှာ အလုပ်လုပ်နေ တဲ့သူတွေအတွက်လည်း ရေစိုခံအိတ်မလိုဘဲအသုံးပြုနိုင်မှာဖြစ်ပါ တယ်။

နောက်ပြီး ဂိမ်းကစားရတာကို ဝါသနာပါတဲ့သူတွေအနေနဲ့ အိုင်ဖုန်း ဆဲဗင်းကိုရွေးသင့်ပါတယ်။ အိုင်ဖုန်းမှာ ဂိမ်းတွေကို run တဲ့ လုပ်ဆောင်ချက်က အိုင်ဖုန်းမှာအမြင့်ဆုံးပါပဲ။

ဆမ်ဆောင်း S8 ကတော့ လက်ရှိ အနေ အထား အရ နည်းပညာ တိုးတက်မှု အပိုင်းက အိုင်ဖုန်းကို တန်းတူ ယှဉ်ပြိုင်နိုင်ပြီ ဖြစ်ပါတယ်။

ဖုန်းကိုယ်ထည် တစ်ခုလုံးမှာ မှန်စခရင်က အပြည့် နီးပါးနေရာ ယူထား တာဖြစ်ပြီး ဆမ်ဆောင်းရဲ့ ထုတ်ကုန်တွေ ထဲမှာ ပထမဆုံး Home Key မပါတဲ့ စမတ်ဖုန်း အဖြစ်ထွက်ရှိတာ ဖြစ်ပါတယ်။

ဖုန်း မော်ဒယ်လ်နှစ်မျိုးလုံးရဲ့ ကိုယ်ထည် တွေကဆိုက်ပဲကွာမှာဖြစ်ပြီး ကျန်တဲ့ ဖီးချားအကုန်အတူတူပဲဖြစ်ပါတယ်။

ကွန်ပျူတာ သုံးနေကျ သူတွေ အတွက် အဆင်ပြေစေမယ့် ဖုန်းဖြစ်ပါ တယ်။ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ အလုပ်မျိုးလုပ်ကိုင်တဲ့ အခါ ကွန်ပျူတာလက်ပ်တော့ မရှိလည်း ဖုန်းနဲ့လုပ်ဆောင်နိုင်စေမှာ ဖြစ်ပါတယ်။

သည် S8 မှာ Samsung Dex (Samsung Desktop Experi-ence)လို့ခေါ်တဲ့နည်းပညာလည်းပါဝင်လာပါတယ်။ Samsung Dex က မိုဘိုင်းလ်ကနေ ကွန်ပျူတာ ပီစီမှာ ကူးပြောင်း ချိတ်ဆက်နိုင်တာ ကြောင့် S8 ဖုန်းကို desktop ပေါ်မှာတင် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

မိုက်ခရိုဆော့ဖ်ဝင်း ဒိုးစ်ကွန်ပျူတာလက်ပ်တော့တွေမှာ တွဲရက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ မိုက်ခရိုဆော့ဖ် office နဲ့ ပတ်သက်တဲ့ လုပ်ငန်းပိုင်းဆိုင်ရာအပြင် Adobe /Photoshop စတာတွေကိုပါ ဖုန်းနဲ့တင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ဂလက်ဇီဖုန်းတွေရဲ့လက်ဗွေရာဆန်ဆာနဲ့ မည်သည့် windows 10 လက်ပ်တော့ကွန်ပျူတာကိုမဆို လော့ခ်ဖြည်တာတွေ၊ နိုတီဘား တန်းကြည့်တာတွေနဲ့ တခြားလုပ်ငန်းဆောင်တာတွေကိုပါ ပြုလုပ်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။

နောက်ပြီး Samsung S8 က သီချင်းပိုင်းနဲ့ အလုပ်လုပ်သူတွေ အတွက်အသုံးဝင်နိုင်သလို သီချင်းအပုဒ်ရည်များများ စုဆောင်း တတ်သူတွေ၊ သီချင်းဂီတကို ဝါသနာပါသူတွေအတွက် အကြိုက် တွေ့စေမယ့်ဖီးချားကိုလည်း မိတ်ဆက်ထားပါတယ်။

From : ကုမုဒြာဂျာနယ် by မေဘယ်လ်

Originally published at - http://www.kumudranews.com

No comments: