တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, December 17, 2015

စင်ကာပူ အစိုးရမှ Facebook အသုံးပြုသူတို့ရဲ့ အချက်အလက် များကို စောင့်ကြည့်နေ




စင်ကာပူ အစိုးရမှ Facebook အသုံးပြု နေကြသော user တို့ရဲ့ Data အချက် အလက်များကို မြောက်မြား စွာသော အကြိမ် အရေ အတွက် များဖြင့် တောင်းခံ ခဲ့ကြောင်း စင်ကာပူ နိုင်ငံရဲ့ Social Media အသုံးပြုသည့် အဖွဲ့အစည်း တစ်ခုမှ Global Government သို့ ကြောင်းကြား တင်ပြခဲ့ ပါတယ်။

စင်ကာပူ အစိုးရဟာ စင်ကာပူ နိုင်ငံမှာ ရှိတဲ့ Facebook အသုံးပြုသူတို့ရဲ့ အချက် အလက်များကို ၂၀၁၅ ခုနှစ်ရဲ့ ပထမခြောက်လ အတွင်းမှာ ၁၉၈ ကြိမ် တောင်းခံ ခဲ့ပါတယ်။ ယခု အကြိမ် အရေ အတွက်ဟာ မနှစ်က ဂျူလိုင်လမှ ဒီဇင်ဘာလ အထိ တောင်းခံ ခဲ့တဲ့ အကြိမ်အရေ အတွက် အထက် ၁၁.၉ ရာခိုင်နှုန်းမြှင့်တက် လာပါတယ်။

ယခု ရရှိထားတဲ့ Facebook အသုံးပြုသူ ၂၁၃ ယောက်ရဲ့ သို့မဟုတ် ၂၁၃ အကောင့် တို့ဟာ စင်ကာပူ အစိုးရရဲ့ ပစ်မှတ်ထား စောင့်ကြည့်ခြင်းကို ခံနေ ရပါတယ်။ အဆိုပါ ၂၁၃ ယောက်ဟာ ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ အထိ တောင်ခံ ထားတဲ့ အကောင့်များ ဖြစ်ပြီး ၂၀၁၄ ခုနှစ်က ခြောက်လ အတွင်း တောင်းခံ ထားတဲ့ Facebook အကောင့် များဖြစ်တဲ့ ၁၉၄ အကောင့် ထက် ၉.၈ ရာခိုင်နှုန်း များပြား လာပါတယ်။

ကမ္ဘာတစ်ဝှမ်း အတိုင်းအတာနဲ့ ပြောရမယ် ဆိုရင်တော့ တစ်ကမ္ဘာ လုံးမှာ ရှိတဲ့ အစိုးရ တာဝန်ရှိ သူတွေဟာ Facebook အသုံးပြု သူတို့ရဲ့ အချက် အလက်များကို တောင်းခံနေ တယ်လို့ Facebook မှ ထုတ်ပြန်ကြေငြာ ထားပါတယ်။

တစ်ကမ္ဘာလုံးအတိုင်းအတာ အရ ၃၅၀၅၁ အကြိမ်အရေ အတွက်မှ ၄၁၂၁၄ အကြိမ်အရေအတွက် ထိတိုးတက် လာပြီး ၁၈ ရာခိုင်နှုန်းခန့် တိုးတက် လာတယ်လို့ပြောကြား ထားပါတယ်။

၂၀၁၅ ခုနှစ်ရဲ့ ပထမ ခြောက်လ အတွင်းမှာ တောင်းခံ ထားတဲ့ အချက် အလက်ခိုင်လုံတဲ့ တောင်းခံမှုတွေ ကတော့ ၇၄.၆၂ ရာခိုင်နှုန်း ရှိပြီး Facebook မှ ထုတ်ပေးခဲ့တဲ့ အချက် အလက်များမှာ ဥပဒေ အရ အကြောင်းအရင်း ခိုင်လှုံပြီး ပြစ်မှု ကျူးလွန် သူတို့ရဲ့ အချက်အလက် တွေကိုသာ ထုတ်ပေး ခဲ့ပါတယ်။

Facebook ကို လာရောက် တောင်းခံတဲ့ Facebook အသုံးပြုသူတို့ရဲ့ အချက် အလက်များကို တစ်ခု ချင်းစီ သေချာစွာ စစ်ဆေးပြီး တရား ဥပဒေ အရ ငြိစွန်းနေတဲ့ အသုံးပြု သူတို့ရဲ့ တောင်းခံမှု တွေကိုသာ လက်ခံ ထုတ်ပြန်ပေး သွားတာ ဖြစ်ပါတယ်။

ပွင့်လင်းမြင်သာမှု ရှိစေရန် တင်ပြခြင်း

Social Media အသုံးပြုသည့် အဖွဲ့အစည်းတစ်ခုမှ Global Government သို့ ကြောင်းကြား တင်ပြခြင်းက အစိုးရ အဖွဲ့ အစည်းများ အနေဖြင့် Facebook အသုံးပြု သူများရဲ့အချက် အလက်များ အပေါ် စိစစ်နေခြင်းကို ပွင့်လင်းမြင်သာမှု ရှိစေရန် ရည်ရွယ် ပါတယ်။

ယခုလို ထုတ်ပြန်ချက်များကို ၂၀၁၃ ခုနှစ်ကတည်းက ထုတ်ပြန်ကြေငြာခဲ့ခြင်းဖြစ်ပြီး အစိုးရ အဖွဲ့ အစည်းများ အနေဖြင့် Facebook အသုံးပြုသူများရဲ့ ကိုယ်ရေး အချက်အလက် များကို စောင့်ကြည့်နေခြင်း များကို ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ နိုင်ငံ အသီးသီးမှ Facebook အသုံးပြုသူတို့အပေါ် ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက် ဦးစားပေး ရည်ရွယ် ထားပါတယ်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်များအရ Facebook အသုံးပြုသူတို့ရဲ့ သတင်းအချက်အလက်များကို အမေရိကန် အစိုးရဟာ ၁၇၅၇၇ ကြိမ် ၊ အိန္ဒိယနိုင်ငံကတော့ ၅၁၁၅ ကြိမ် တောင်းခံခဲ့ ပြီး United Kingdom ကတော့ ၃၃၈၄ ကြိမ် တောင်းခံခဲ့ပါတယ်။ ဒါကြောင့် စင်ကာပူနိုင်ငံဟာ Facebook ဆီမှ အသုံးပြုသူတို့ရဲ့ သတင်းအချက်အလက်များကို တောင်းခံတဲ့ နိုင်ငံပေါင်း ၉၂ နိုင်ငံထဲမှ အဆင့် ၂၀ မြောက် နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

Facebook ရဲ့ ထုတ်ပြန်ချက်အရတော့ Facebook အသုံးပြုသူတို့ရဲ့ သတင်းအချက်အလက်များကို အိန္ဒိယ အစိုးရဟာ အရေအတွက်အမြင့်မားဆုံးအကြိမ်အရေအတွက်ဖြစ်တဲ့ ၁၅၁၅၅ အကြိမ်အရေအတွက်ကိုလည်း တောင်းခံထားပြီး သူ့အနောက်မှာ တူရကီက ၄၄၉၆ ကြိမ် ၊ ပြင်သစ်က ၂၉၅ ကြိမ်တို့ Facebook မှတောင်းခံခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။

ဆက်လက်တိုးမြှင့်လာအုံးမဲ့ အစိုးရရဲ့ တောင်းခံမှုများနဲ့ အသုံးပြုသူတို့ရဲ့ ဥပဒေဆိုင်ရာ အချက်အလက်များ

ယခုကဲ့သို့ ကမ္ဘာ့ နိုင်ငံအသီးသီးမှ အစိုးရ အဖွဲ့အစည်းများအနေဖြင့် တရားဥပဒေဆိုင်ရာ အချက်အလက်များကို Facebook ဆီမှ ဆက်လက် တောင်းခံသွားမဲ့ အခြေအနေမှာရှိကြောင်း Facebook မှ ထုတ်ပြန်ထားပါတယ်။

၂၀၁၄ ခုနှစ်ရဲ့ဒုတိယ လဝက်မှာရှိတဲ့ တရားဥပဒေဆိုင်ရာနှင့် ငြိစွန်းနေတဲ့ Facebook အသုံးပြုသူတို့ရဲ့ သတင်းအချက်အလက်များကို တောင်းခံထားတဲ့အရေအတွက်ဟာ ယခုနှစ်မှာ၁၁၂ရာခိုင်နှုန်းခန့်ပိုမိုများပြားလာပါတယ်။

တူညီတဲ့အချိန်အတိုင်းအတာအတွင်းမှာပဲကမ္ဘာအနှံ့အပြားရှိနိုင်ငံအသီးသီးမှာရှိတဲ့အစိုးရအဖွဲ့အစည်းများဟာမနှစ်ကထက်ဒီနှစ်မှာ၁၈ရာခိုင်နှုန်းခန့်တိုးမြှင့်ကာတောင်းခံထားပါတယ်။

ယခုကဲ့သို့ တောင်းခံမှုများပြုလုပ်သွားပေမဲ့လည်း Facebook အနေနဲ့ အသုံးပြုသူတို့ရဲ့ သတင်းအချက်အလက်များကို ထုတ်ပြန်ပေးသွားခြင်းမရှိပါဘူး။ အမေရိကန် နှင့် ဥရောပ နိုင်ငံ ကြီးများအပြင် အခြား နိုင်ငံ အသီးသီးရဲ့ ဘယ်လောက်ကြီးတဲ့ နို်င်ငံ ဖြစ်နေပါစေ Facebook သို့ လာရောက် တောင်းခံသည့် သတင်း အချက် အလက်များကို ဥပဒေ အရ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိပဲနဲ့ ဘယ်တော့မှ ထုတ်ပေးမှာ မဟုတ်ပဲ အကယ်၍ အချက်အလက် ခိုင်လုံမှု မရှိပဲ အတင်း တောင်းခံ လာပါက Facebook အသုံးပြုသူတို့ ဘက်မှ တရား ရင်ဆိုင်ပေး သွားမှာ ဖြစ်ကြောင်းလည်း Facebook မှ ပြောရေး ဆိုခွင့်ရှိသူ Chris Sonderby ကပြောဆို ခဲ့ပါတယ်။

Ref : channelnewsasia

Aung Ko Htet (MMA)

Original link - http://www.myanmarmobileapp.com


No comments: